ဆောက်လုပ်ရေးဝန်ကြီးဌာန သည် နိုင်ငံတစ်ဝှမ်း မြို့ပြနှင့် အိမ်ရာကဏ္ဍ၊ လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စသည်ဖြင့် ဦးစီးဌာန (၅) ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
The role of the Ministry of Construction is to undertake the construction of housing, buildings, and infrastructure throughout the nation. It is formed of five main organizations: the Department of Buildings, the Department of Highways, the Department of Bridges, the Department of Urban and Housing Development (DUHD), and the Department of Rural Road Development.
UN-Habitat နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့သည် Myanmar Programme for Safer Settlements and Urban Research (MPSSUR) စီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ တစ်ရပ် (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ စီမံကိန်း၏ တစိတ်တပိုင်းအရ Urban Research and Development Institute (URDI) ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သည် UN-Habitat ၏ အကူအညီဖြင့် တည်ထောင်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်မြင့် မှ တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။ URDI သည် အမှတ် (၂၂၈/ ၂၃၄)၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသ ကြီး၊ ညွှန်ကြားရေးမှူးရုံး ရှိ ဒုတိယထပ် တွင် တည်ရှိသည်။
The Ministry of Construction with an envisaged role of undertaking construction of housing, building and infastructure throughout the nation is formed of four main organizations namely Department of Building, Department of Highway, Department of Bridge, Department of Urban and Housing Development (DUHD) and Department of Rural Road Development.